Myanmar Microblog ထွေရာလေးပါး for Android
အသုံးပြုနည်း
=========
* ရင်ဖွင့်သံများထဲမှာ မိမိပြောလိုတာတွေ ပြောလို့ ရပါတယ်။ ကိုယ့်ပါတ်ဝန်းကျင်မှာ နားထောင်မဲ့သူမရှိရင် သို့မဟုတ် လူတိုင်းကြားသိနိုင်အောင် ပြောချင်ရင် ပြောဖို့ပါ။ ကိုယ်လို အတွေးအခေါ်တူတဲ့သူတွေ အသွားအပြန် စကားပြောလို့လဲ ရသွားတာပေါ့။
* မေးချင်ရာမေး ကတော့ တကယ့်ကို မေးချင်ရာမေးပါပဲ။ အင်တာနက်က ဆက်သွယ်လိုက်ရင် မိမိနဲ့ ချိတ်ဆက်နေတဲ့သူတွေ အများကြီးပါ။ ကိုယ်သိချင်တာတွေကို အဖြေရှာမရတဲ့အခါ မေးချင်ရာမေး ထဲမှာ မေးလိုက်ရင် အဖြေသိတဲ့သူ တစ်ယောက် နှစ်ယောက်လောက် ဆီတော့ ပေါက်ရောက်သွားနိုင်ပါတယ်။ ထို့အပြင် အခြား ကိုယ်လို လူတွေလဲ အဖြေသိသွားတာပေါ့။
* သတင်းတွေ တင်ပြီး မှတ်ချက်ပေး ဆွေးနွေးလို့ ရအောင်လဲ စီစဉ်ပေးထားပါတယ်။
* အလုပ်ကြော်ငြာများကို သတင်းစာထဲထည့်သလို ထည့်လို့ ရအောင် လုပ်ထားပါတယ်။ သတင်းစာကြော်ငြာထက် သာတဲ့အချက်ကတော့ မှတ်ချက်ရေးဆွေးနွေး နိုင်ခြင်းပါပဲ။
* ကုန်စည်နှင့် စီးပွားရေးလုပ်ငန်းများ အတွက်လည်း အရောင်းအဝယ် ကြော်ငြာ ထဲ့လို့ ရပါတယ်။ ရောင်းချင်တာရှိပြီး ဝယ်သူရှာလိုသူများနှင့် ဝယ်ချင်တာရှိပြီး ရောင်းသူရှာချင်သူများအတွက် အဆက်အသွယ်လုပ်လို့ ရပါတယ်။ ရောင်းသူ နှင့် ဝယ်သူ သေသေချာချာ ဆက်သွယ်ပြီး ယုံကြည်ရမှ အပေးအယူလုပ်စေလိုပါတယ်။
မှတ်ချက်
======
* အဓိက သတိထားရမဲ့အချက်ကတော့ Freedom of Speech (လွတ်လပ်စွာပြောဆိုခွင့်) ဆိုတာ အခြားဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာအောင် လုပ်လို့ မရဘူးဆိုတာပါပဲ။ နောက်တစ်ခုကတော့ မိမိရေးသမျှတင်သမျှကို ဘယ်သူမဆိုတွေ့နိုင်တာဖြစ်လို့ သူများတွေကို မသိလိုတဲ့အရာတွေကို မရေးတင်ဖို့ သတိပြုစေလိုပါတယ်။ အင်တာနက်ပေါ်မှ စာသားများသည် အမှန်ဖြစ်နိုင်သလို လိမ်ညာမှုတွေလဲ ဖြစ်နိုင်ပါသည်။ အကောင့်ဖွင့်စရာမလို ဘယ်သူဘယ်ဝါမှန်း ပြောစရာမလိုတဲ့အတွက် လူယောင်ဆောင် လူလိမ်တွေလဲ ရှိနိုင်ပါတယ်။ အထူးသတိထားကြပါ။
Very good
good
Like the best everybody
Follow
Mg.myint.kyaw
it'ok
I like
Good
Tankyou
Very Good
Good
Good
GOOD
Thanks
harun
Good
Good
La Min Ko Ko
Like this
Ever like
king
Unbelievable
ချီးကျူးပါတယ်
Very good
Like
good မိုက်တယ်
good
ဘာပြောကမှန်းတောင်မသိဘူး
ကောင်းတယ်ဆက်ကြိုးစား
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါသည်
ချီးကျုးပါတယ်
အရမ်းgood တယ်ဗျို့  ;)
ချီးကျူးပါတယ်
လေးစာပါတယ်ဗျာ
အရမ်းလေးစားမိတယ်
တော်ပါတယ်ဗျာ
ကောင်းတယ်
ကောင်းတယ်ဗျာ ကြိုက်တယ်
by T####:
Thanks for DEP